အလင်းတွေ တဖိတ်ဖိတ်ကျနေတဲ့
ဥာဥ့်ဦးယံ ကာလမှာ
လမင်းက မြေပြင်ကို ထွေးပွေ့ထားသလိုမျိုး
ဥာဥ့်ဦးယံ ကာလမှာ
လမင်းက မြေပြင်ကို ထွေးပွေ့ထားသလိုမျိုး
.........ချစ်တယ်..........
စောင်းကြိုးပြတ် အိပ်မက်တစ်ခြမ်းကို
မှော်ဝင်အနမ်းတွေနဲ့ ပြုစားဖို့
ဘယ်ကတည်းကများ တောင်းခံခဲ့ပါသလဲ..။
.........တကယ်ဆို.........
စိတ်ဆန္ဒ ပြင်းပြစွာ
ဆန့်ထုတ်လိုက်တဲ့ ချစ်ခြင်းမေတ္တာက
လျှပ်ထစွာ ထက်မြ
ကိုယ့်ကိုယ်ကို
ဓါးတစ်စင်းလို ထိရှခဲ့ဖူးတယ်။
အိပ်မက်တစ်မက် အပြုံးတစ်ဝင့်နဲ့
မင်းရဲ့ တိုက်မောင်းသံ တစီစီမှာ
ငါ့ နွေဦးရာသီ တချို့သာ
တဖြုတ်ဖြုတ် ကြွေကျ
ဆွတ်ပျံ့ကြည်နူးဖွယ်
မင်းရဲ့ ရယ်သံတွေအောက်မှာလည်း
အလိုလို ငါဝပ်စင်းခဲ့ရဖူးတယ်။
ဘယ်သူမှမသိပေမယ့်
နင်သိပါတယ်...မြူ
ငါ့ရင်ခွင် ဘယ်ဖက်ခြမ်းမှာဝှက်ထားတဲ့
အနုစိတ် ပန်းချီကားတစ်ချပ်နဲ့ပဲ
ဟိုး....အတိတ်တွေဆီ
ငါ သွားသွားပြီး မျက်ရည်ဝမိတယ်..။....ဒီလိုနဲ့....
ကောင်းကင်တစ်ခြမ်း အလင်းတစ်ခြမ်းနဲ့
ငါ့ကမ္ဘာတစ်ခြမ်းလေးမှာ
ချုပ်ရိုးတွေ ဗရပွနဲ့
အဲဒီ ...ဒဏ်ရာဝတ်စုံတစ်ထည်တည်းကိုသာ
ပုံသေကားကျ ၀တ်ဆင်လို့ပဲ
ငါနေတတ်လာတာ.....
ကြာခဲ့ပြီပဲလေ....။
စောင်းကြိုးပြတ် အိပ်မက်တစ်ခြမ်းကို
မှော်ဝင်အနမ်းတွေနဲ့ ပြုစားဖို့
ဘယ်ကတည်းကများ တောင်းခံခဲ့ပါသလဲ..။
.........တကယ်ဆို.........
စိတ်ဆန္ဒ ပြင်းပြစွာ
ဆန့်ထုတ်လိုက်တဲ့ ချစ်ခြင်းမေတ္တာက
လျှပ်ထစွာ ထက်မြ
ကိုယ့်ကိုယ်ကို
ဓါးတစ်စင်းလို ထိရှခဲ့ဖူးတယ်။
အိပ်မက်တစ်မက် အပြုံးတစ်ဝင့်နဲ့
မင်းရဲ့ တိုက်မောင်းသံ တစီစီမှာ
ငါ့ နွေဦးရာသီ တချို့သာ
တဖြုတ်ဖြုတ် ကြွေကျ
ဆွတ်ပျံ့ကြည်နူးဖွယ်
မင်းရဲ့ ရယ်သံတွေအောက်မှာလည်း
အလိုလို ငါဝပ်စင်းခဲ့ရဖူးတယ်။
ဘယ်သူမှမသိပေမယ့်
နင်သိပါတယ်...မြူ
ငါ့ရင်ခွင် ဘယ်ဖက်ခြမ်းမှာဝှက်ထားတဲ့
အနုစိတ် ပန်းချီကားတစ်ချပ်နဲ့ပဲ
ဟိုး....အတိတ်တွေဆီ
ငါ သွားသွားပြီး မျက်ရည်ဝမိတယ်..။....ဒီလိုနဲ့....
ကောင်းကင်တစ်ခြမ်း အလင်းတစ်ခြမ်းနဲ့
ငါ့ကမ္ဘာတစ်ခြမ်းလေးမှာ
ချုပ်ရိုးတွေ ဗရပွနဲ့
အဲဒီ ...ဒဏ်ရာဝတ်စုံတစ်ထည်တည်းကိုသာ
ပုံသေကားကျ ၀တ်ဆင်လို့ပဲ
ငါနေတတ်လာတာ.....
ကြာခဲ့ပြီပဲလေ....။
No comments:
Post a Comment